The Forbidden Marriage


- Original title: 금혼령, 조선 혼인 금지령
- In Production: Yes
- First air date: 09-12-2022
- Last air date: 10-12-2022
- Genre: Drama
- Rating: 5.0 1 votes



The Forbidden Marriage
Penthouse နဲ့ Shooting Stars ထဲက ယူတို့ရဲ့အချစ်ကလေး Kim Young Dae ကို မင်းကြီးဝတ်စုံနဲ့ မြင်ရဖို့ ဘယ်လောက်မှမလိုတော့ဘူးနော်~
အဲဒါအပြင် ဇာတ်ဆောင်မင်းသမီးကလည်း 2022မှာ Seoul Vibe ၊ Love All Play တို့နဲ့ slay ထားတဲ့ မင်းသမီး Park Ju Hyun ဆိုတော့ အထူးတလည် ကြည့်ဖို့ ဆွယ်စရာမလိုလောက်ဘူးထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့….ဒီလိုပါ။
“Geum Hon Ryung” (The Forbidden Marriage Law) ဆိုတာ ဂျိုဆွန်မင်းဆက်လက်ထက်မှာ မိဖုရားတစ်ဦး ရွေးချယ်မခံရင်အထိ နိုင်ငံတစ်ဝှမ်းက အပျိုတွေအားလုံးကို လက်ထပ်ခြင်းမပြုရဆိုပြီး ယာယီတားမြစ်တဲ့ဥပဒေပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် ဂျိုဆွန်ပြည်သူပြည်သားတွေအားလုံးကို လက်ထပ်ထိမ်းမြှားခြင်း မပြုဖို့ ၇ နှစ်တောင် တားမြစ်ခံထားရပါသတဲ့။
ဒီကံဆိုးမိုးမှောင်ကျမှုကြီးကတော့ လွန်ခဲ့တဲ့ ၇ နှစ် အိမ်ရှေ့စံမင်းသား Lee Heon ရဲ့ ကြင်ယာတော် သေဆုံးမှုကနေ အစပြုခဲ့ပါတယ်။ မြတ်နိုးတန်ဖိုးထားရတဲ့ ကြင်ယာတော်ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ယခုလက်ရှိ အရှင်မင်းမြတ်ဖြစ်သည့်တိုင် ဝမ်းနည်းပူဆွေးမှုကနေ မလွန်မြောက်နိုင်ဘဲ တော်ဝင်မိသားစု နဲ့ မှူးမတ်တွေ ဘယ်လိုပဲ ကြိုးစားအားထုတ်ပါစေ နောက်အိမ်ထောင်ပြုဖို့ နားတော်ပါးမချနိုင်ခဲ့ကြပါဘူး။ တစ်နေ့ ဘုရင့်ကြင်ယာတော်ဟောင်းရဲ့ ဝိညာဉ် သူ့ကိုယ်ထဲမှာ ရှိပါတယ်လို့ အခိုင်အမာပြောလာတဲ့ Ye So Rang ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတဲ့အခါ….
တကယ်တော့ Ye So Rang ဆိုတဲ့အမျိုးသမီးဟာ ဟန်ယန်းရဲ့ နာမည်ကြီးရိုက်စားအောင်သွယ်တော်တစ်ယောက်ပါ။ လက်ထပ်ခြင်းမပြုရ ဥပဒေ ပြဌာန်းထားတဲ့ ဂျိုဆွန်ပြည်မှာ အောင်သွယ်တော်လုပ်ငန်းက တရားမဝင်တော့ တစ်နေ့ ရဲမက် Lee Shin Won ဆီမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ Ye So Rang တစ်ယောက် ကြံရာမရတဲ့အဆုံး နန်းတော်ထဲမှာ ကြင်ယာတော်ရဲ့ဝိညာဉ်က မကျွတ်မလွတ်ဘဲ ရှိနေသေးတယ်လို့ ကြံမိကြံရာလိမ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ ဘုရင့်ရှေ့မှောက် ရောက်လာပါတော့တယ်။ ဘုရင်မင်းကြီးကိုယ်တိုင် ကြင်ယာတော်ဝိညာဉ်ကို တကယ်ပဲ မြင်သလား တိုက်ရိုက်မေးမြန်းတဲ့အခါ အသက်သေမှာကြောက်တော့ မထူးဇာတ်ခင်းပြီး ကြင်ယာတော်ဝိညာဉ် ဝင်ပူးချင်ဟန်ဆောင်လိုက်ရာကနေ သူ့အလိမ်အညာတွေ ဘယ်ထိဆက်သွားရမလဲ? ဒီလူလိမ်အမျိုးသမီးကပဲ ထိမ်းမြှားလက်ထပ်ခြင်းကို ၇ နှစ်ကြာ တားမြစ်ခံထားရတဲ့ ဂျိုဆွန်ပြည်သူတွေရဲ့ အပူကို ငြိမ်ပေးနိုင်မယ့် မျှော်လင့်ချက်လေး ဖြစ်လာမလားဆိုတာကို ဟာသလေးနှောထားတဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း စောင့်ကြည့်ကြပါဦး။
1 | ![]() ![]() |
Episode 12022 | |
2 | ![]() ![]() |
Episode 22022 | |
3 | ![]() ![]() |
Episode 32022 | |
4 | ![]() ![]() |
Episode 42022 | |
5 | ![]() ![]() |
Episode 52022 | |
6 | ![]() ![]() |
Episode 62022 | |
7 | ![]() ![]() |
Episode 72023 | |
8 | ![]() ![]() |
Episode 82023 | |
9 | ![]() ![]() |
Episode 92023 | |
10 | ![]() ![]() ![]() |
Episode 102023 | |
11 | ![]() ![]() ![]() |
Episode 112023 | |
12 | ![]() ![]() |
Episode 122023 |