The Director Who Buys Me Dinner

Ended 1 Seasons - 10 Episodes
  • Original title: 밥만 잘 사주는 이상한 이사님
  • In Production: No
  • First air date: 15-12-2022
  • Last air date: 12-01-2023
  • Genre: Drama, Sci-Fi & Fantasy
  • Rating: 0 votes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

15m 2022 7 views

Background

https://t.me/blslinks/269

“ငါတို့တွဲရမယ် မဟုတ်ရင် သေလိမ့်မယ်”

လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ကလေးလေးတစ်ယောက်က ဘုရားသားတော်ကို လှောင်ပြောင် နာမည်ပေးမှုကြောင့် ဘုရားရှင်ရဲ့ကျိန်စာကိုလက်ခံရရှိခဲ့ပြီး အိုမင်းခြင်းမရှိဘဲ ရှင်သန်ခဲ့ရတယ်။ ကျိန်စာကိုပယ်ရှားနိုင်ဖို့ သုံးဘဝလုံး ချစ်ရမယ့်သူကို ချစ်လာအောင် အတင်းအကြပ်စေခိုင်းဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လေးဘဝမြောက်မှာတော့ သူ့ကုမ္ပဏီက ဝန်ထမ်းလေးတစ်ယောက်ဆီမှာ သူရှာဖွေနေတဲ့ အချစ်ကိုတွေ့ရှိသွားပါတော့တယ်။ ရှာတွေ့ခဲ့တဲ့အချစ်က ကောင်လေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ …..
သူတို့သာ မတွဲဘူးဆို သူတို့သေရလိမ့်မယ် ……

Min Entertainment ကုမ္ပဏီ ဒါရိုက်တာကြီး Min Yu Dam ဆိုတာက ဟာကွက်မရှိ ပြီးပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်

Dong Beak ဆိုတဲ့ကောင်လေးကတော့ Min Entertainment ရဲ့ ဝန်ထမ်းသစ်တွေထဲက ဝန်ထမ်းလေးတစ်ယောက်ပေါ့

အိပ်မက်အသစ်တွေ မျှော်လင့်ချက်တွေ အပြည့်နဲ့ အလုပ်စစဝင်ချင်းနေ့မှာပဲ ထူးဆန်းတဲ့ ဒါရိုက်တာကြီးရဲ့ တံဆိပ်နှိပ် သော့ခတ် ပိတ်လှောင်ခံလိုက်ရတဲ့အခါ .…

“ငါတို့တွဲရမယ် မဟုတ်ရင် သေလိမ့်မယ်”

“ ဒါရိုက်တာကြီး စိတ်လွတ်သွားပြီလား ရည်းစားလေးထားချင်ရုံနဲ့ ၃ ဘဝကြီးတောင် ရှင်သန်လာတာလား ဘာတွေဖြစ်ကုန်တာလဲ….”

ကျိန်စာပယ်ဖျက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာကြီးက ညစာဝယ်ကျွေးပြီး သူ့ဘဝအကြောင်းကို ရှင်းပြခဲ့ပေမယ့်လည်း ဒါရိုက်တာကြီးကို ရူးနေတယ်ပဲ ထင်နေတဲ့ ကောင်လေးကြောင့်
ဒီတစ်ဘဝရော ကျိန်စာပျက်ဖို့ ဒါရိုက်တာကြီးက ကြိုးစားနိုင်ပါ့မလား ….
ကျိန်စာပျယ်ပြီး သူတို့အတူ ရှိနေနိုင်ကြပါ့မလား ….. ဆိုတာကိုသိရဖို့ “ထမင်းပဲ ကောင်းကောင်းဝယ်ကျွေးတဲ့ ထူးဆန်းတဲ့ဒါရိုက်တာကြီး” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ကြည့်ရှု့နိုင်ပါပြီ

“The Director who Buys me Dinner” ဇာတ်လမ်းတွဲလေးကိုတော့ Toesa နဲ့ Yang EunJi တို့ဖန်တီးထားတဲ့ ‘밥만 잘 사주는 이상한 이사님’ ဆိုတဲ့ Webtoon ကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ Webtoon ပရိတ်သတ်တွေ လက်မလွှတ်တမ်း ကြည့်ရှူ့သင့်တဲ့ အပြင် အချစ် သံယောဇဉ်တွေအကြောင်းကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ ရုံးတွင်း အချစ်ဟာသ ဇာတ်မြူးလေးမို့ BL Fans တွေ အကြိုက်တွေ့စေမှာသေချာပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို ဒီဇင်ဘာ ၁၅ ရက်နေ့ကစလို့ BLSFlix မှာအတူတူစောင့်မျှော်ကြည့်ရှု့လိုက်ရအောင်နော်

Info
Cast
  • Original title: 밥만 잘 사주는 이상한 이사님
  • In Production: No
  • First air date: 15-12-2022
  • Last air date: 12-01-2023
  • Genre: Drama, Sci-Fi & Fantasy
  • Rating: 0 votes
Background