ဒါရိုက်တာ Tai ရဲ့ သည်းထိတ်ရင်ဖိုလက်ရာတစ်ခုဖြစ်တဲ့ “Sweet Dreams” ဆိုတဲ့ဇာတ်ကားဟာ ရုံတင်ပြီးတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့ပါတယ်…
အကြောင်းရင်းကတော့… Tai ဖန်တီးခဲ့တဲ့ ဇာတ်ဝင်ခန်းအတိုင်း အပြင်လောကမှာ သွေးပျက်ဖွယ် လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပွားလာလိုပါပဲ….
••• ဒါက မတော်တဆမှုလား၊ ဒါမှမဟုတ် Tai ရဲ့ ရုပ်ရှင်ကို အတုယူပြီး ကြိုးကိုင်နေတဲ့ စိတ်ရူးသွပ်နေတဲ့သူတစ်ယောက်ရဲ့ လက်ချက်လား…
••• ဒီထိတ်လန့်စရာ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို Tai တစ်ယောက် အမှုလိုက်အရာရှိတစ်ဦး နဲ့ ထိုးထွင်းဉာဏ်ကောင်းတဲ့ စိတ်ရောဂါကုဆရာဝန် တစ်ဦးတိုရဲ့ အကူအညီကို ယူခဲ့ရပါတယ်…
••• အချိန်နဲ့အမျှ ရုန်းကန်နေရပြီး ဒီလူသတ်သမားကို မမိမချင်း သူတိုသုံးယောက်ရဲ့ ဘဝက အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေခဲ့ပါတယ်….
ဒါတင်မကသေးပါဘူး Tai ရဲ့ အတိတ်က နာကျင်စရာ အရိပ်တစ်ခုဖြစ်တဲ့ ချစ်သူဟောင်းကလည်း ရုတ်တရက် ပြန်ပေါ်လာပြီး သူ့ဘဝကို ထပ်မံ လှုပ်ခတ်စေပြန်ပါတယ်…
သူမရဲ့ ရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲ၊ ဒီလူသတ်မှုတွေနဲ့ ပတ်သက်နေတာလား
ဒီထိတ်လန့်စရာ ဂိမ်းမှာ Tai တစ်ယောက် အဆုံးမသတ်နိုင်တဲ့ “Sweet Dreams” ရဲ့ သံသရာထဲကနေ လွတ်မြောက်နိုင်ပါ့မလား….
~~ အမှုစစ်အရာရှိ၊ စိတ်ရောဂါကုဆရာဝန်နဲ့ ရည်းစားဟောင်းတိုကြားထဲက ဘယ်သူ့ကို ယုံကြည်ပြီး အမှန်တရားကို ဘယ်လို ဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါ…
အိပ်မက်ဆိုးကို တကယ်ဖြစ်အောင် ဖန်တီးသူဟာ… Tai ကိုယ်တိုင်လား၊ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်လားဆိုတာအဖြေကို ရှာဖွေရင်း သည်းထိတ်ရင်ဖို ခံစားရမယ့် “Sweet Dreams” ဆိုတဲ့ ဇာတ်ကားကို BLSFLIX Channel လေးကနေ လက်မလွတ်တမ်း ကြည့်ရှုပေးကြပါဦးနော်…