Rom-Com ဘုရင်ကြီး Park Seo-joon ကို မျှော်နေတဲ့သူတွေအတွက် အလွမ်းပြေစေမယ့် လက်ဆောင်မွန်တစ်ခု ရောက်ရှိလို လာပါပြီ။ ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အချစ်ကားထက် ပိုပြီး ရင်နင့်စရာကောင်းတဲ့၊ ရင့်ကျက်တဲ့ အချစ်ဇာတ်လမ်းမျိုးနဲ့ ပရိသတ်ရှေ့ကို ရောက်လာတာပါ။ မင်းသမီးချော Won Ji-an (Squid Game 2 မင်းသမီး) နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။
Lee Gyeong-do (Park Seo-joon) နဲ့ Seo Ji-woo (Won Ji-an) တိုဟာ အသက် ၂၀ အရွယ်မှာ တစ်ကြိမ်၊ ၂၀ ကျော်ကာလမှာ တစ်ကြိမ်… နှစ်ကြိမ်တိုင်တိုင် ချစ်သူတွေ ဖြစ်ခဲ့ဖူးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြရပါတယ်။ နှစ်တွေအကြာကြီးနေမှ တတိယအကြိမ် ပြန်ဆုံစည်းခွင့် ရလိုက်တဲ့အခါ… အခြေအနေက အဆိုးရွားဆုံးပါပဲ။
Gyeong-do က အနုပညာလောကရဲ့ Scandal တွေကို လိုက်ဖော်ထုတ်ရတဲ့ သတင်းထောက်။
Ji-woo ကတော့ သူဖော်ထုတ်နေတဲ့ Scandal မှာ ပါဝင်ပတ်သက်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇနီးသည်အဖြစ်နဲ့ပေါ့…။
သံယောဇဉ်ဟောင်းတွေ တငွေ့ငွေ့ကျန်နေသေးတဲ့ ရည်းစားဟောင်းနှစ်ယောက်၊ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုကြားမှာ ပြန်ဆုံတွေ့တဲ့အခါ… သူတိုရဲ့ “မနက်ဖြန်” တွေကရော သေချာနိုင်ပါဦးမလား? 🌧