No Gain No Love

Returning Series 1 Seasons - 12 Episodes
  • Original title: 손해 보기 싫어서
  • In Production: Yes
  • First air date: 26-08-2024
  • Genre: Comedy, Drama
  • Rating: 0 votes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2024 34 views

Background

အပိုင်း ၇ ထိရပါပြီ

https://t.me/moonstarchannel01

Strong Girl Nam-Soon,Work Later, Drink Now တို့လိုမျိုး ပရိသတ်ကြီးရင်ထဲ ထင်ကျန်ရစ်အောင်ရိုက်ကူးနိုင်ခဲ့တဲ့ ဒါရိုက်တာ Kim Jung-Sik ရဲ့လက်ရာမြောက်ကားသစ်ဖြစ်တဲ့ No Gain No Love လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခေါင်းဆောင်မင်းသမီးကလည်း My Girlfriend is Gumiho,Hometown Cha-Cha-Cha တို့နဲ့ ပရိသတ်ကြီးကိုဆွဲဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေး Shin Min-A ဖြစ်ပြီးတော့ မင်းသားကတော့ Penthouse ထဲက ဂျူဂျူရဲ့သားလေးဖြစ်တဲ့ Kim Young-Dae တို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးက အချစ်ရိုမန့်တစ်အမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်းဆရာကတော့ Her Private Life လို အချစ်ရိုမန့်တစ်အမျိုးအစားကိုပိုင်ပိုင်နိုင်နိုင်ရေးသားခဲ့တဲ့ စာရေးဆရာလည်းဖြစ်ပါတယ်။ဟယ်ယောင်းဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်က အရာရာတိုင်းကို စီးပွားရေးအမြင်နဲ့ တွက်ချက်ပြီး အကျိုးအမြတ်ရဖို့ကိုပဲ ကြည့်တဲ့သူပါ။သူ့ရဲ့ဘဝမှာလည်း ငွေရဖို့တစ်ခုကလွဲပြီး ကျန်တာအားလုံးကို ဘေးဖယ်ထားတဲ့သူပါ။အရှုံးနဲ့အမုန်းဆိုတဲ့အရာကတော့ သူ့ဘဝမှာ ဖြစ်တည်မှုမရှိပါဘူး။ဒီလိုနဲ့ တစ်နေ့မှာ ရာထူးတိုးဖို့အခွင့်အရေးကို လက်လွှတ်ရတော့မလိုဖြစ်လာခဲ့ပါတယ်။အကျိုးအမြတ်ပဲကြည့်တဲ့ ဟယ်ယောင်းတစ်ယောက် ရာထူးတိုးဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ ဟန်ဆောင်လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ့အတွက်ဟန်ဆောင်သတို့သားကလည်း စတိုးဆိုင်မှာ အချိန်ပိုင်းလုပ်ကိုင်နေတဲ့ ဂျီဝုဆိုတဲ့ လူငယ်လေးတစ်ယောက်ပါ။ဂျီဝုကတော့ ဟယ်ယောင်းနဲ့ ဆန့်ကျင်ဘက် လူတိုင်းအပေါ် ကူညီတတ်ပြီး ပရဟိတစိတ်ရှိတဲ့သူပါ။ဒီလိုအကျင့်စရိုက်ချင်းကွာခြားလွန်းတဲ့ သူတို့နှစ်ယောက် ဟန်ဆောင်လက်ထပ်ဖို့ သဘောတူလိုက်ချိန်မှာတော့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တွေမှာ ထုတ်လွှင့်မှာဖြစ်ပြီး ၁၂ ပိုင်းပါဝင်မှာဖြစ်ပါတယ်။

Season 1
1 Image Episode 12024
2 Image Episode 22024
3 Image Episode 32024
4 Image Episode 42024
5 Image Episode 52024
6 Image Episode 62024
7 Image Episode 72024
Info
Cast
  • Original title: 손해 보기 싫어서
  • In Production: Yes
  • First air date: 26-08-2024
  • Genre: Comedy, Drama
  • Rating: 0 votes
Background