အသက်ရွယ်အားဖြင့် (၁၈) နှစ်တောင် ကွာခြားကြတဲ့ Lee Jung Jae နဲ့ Lim Ji Yeon တို့ရဲ့ “Nice To Not Meet You” drama
အပိုင်း ၁၆ ပိုင်း ပါဝင်ထားတာဖြစ်ပြီး “Shin’s Project” ဇာတ်သိမ်းအပြီးမှာ ဆက်ကြည့်ရမယ့် ဒရာမာလေးပါ
ဇာတ်လမ်းပုံစံလေးကတော့ Lim Hyun Joon (Lee Jung Jae) ဟာ စုံထောက်ကာရိုက်တာတွေနဲ့ နာမည်ကြီးတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Wi Jung Sook (Lim Ji Yeon) ကတော့ ထူးချွန်ထက်မြက်တဲ့ နိုင်ငံရေးသတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ သူမဟာ အကျင့်ပျက်ခြစာ:မှုရဲ့ကောလဟာလတစ်ခုမှာ ဝင်ပတ်သက်မိသွားပြီးတော့ နိုင်ငံရေးသတင်းဌာနကနေ ဖျော်ဖြေရေးသတင်းဌာနဘက်ကို ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ Lim Hyun Joon နဲ့ ပတ်သက်မိပြီး ဇာတ်လမ်းဖြစ်လာပုံကို ဟာသနှောပြီး ကြည့်ရမှာပါ။
နောက်ပြီး Haunted Palace ထဲမှာ ဘုရင်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kim Ji Hoon ကိုတော့ ရုပ်ချောသဘောကောင်းတဲ့ အားကစားသမားဟောင်း ၊ လက်ရှိ အားကစား media ရဲ့ CEO အဖြစ်နဲ့ တွေ့ရမှာဖြစ်ပြီး CLOY ထဲက မြောက်ကိုရီးယားသူလေးကတော့ အရမ်းထက်မြက်တဲ့ အသက်အငယ်ဆုံး editor အလှလေးအနေနဲ့တွေ့ရမှာပါဘဲ ဖြစ်ပါတယ်….
ကြည့်ရန်ချန်နယ်