My Sweet Mobster

Returning Series 1 Seasons - 16 Episodes
  • Original title: 놀아주는 여자
  • In Production: Yes
  • First air date: 12-06-2024
  • Genre: Drama
  • Rating: 5.0 1 votes
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading...

m 2024 220 views

Background

ဇာတ်သိမ်းပိုင်းထိ ရပါပြီ
Join Channel

ပရိသတ်ကြီးရဲ့ ဘဝအမောတွေကို ခဏတာငြိမ်းချမ်းစေဖို့ အချစ်ဟာသကားလေးဖြစ်တဲ့ My Sweet Mobster နဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ရုပ်တည်ကြီးနဲ့ ခွီရမယ့်ဇာတ်ရုပ်တွေဖြစ်လို့ ပရိသတ်ကြီးကို ပြုံးရွှင်စေနိုင်မှာအသေအချာပါပဲ။ဆောဂျီဟွမ်ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်က လူမိုက်အလုပ်ကနေထွက်ပြီးတော့ ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး ထောင်ထွက် ရာဇ၀တ်သားတွေကို ဘဝသစ်စနိုင်ဖို့ ကုမ္ပဏီမှာအလုပ်တွေပေးပြီးကူညီ‌ပေးနေတဲ့သူတစ်ဦးပါ။ဂိုအွန်းဟာဆိုတဲ့မိန်းကလေးကတော့ မီနီမမလို့ ခေါ်တဲ့ ကလေးတွေအတွက်ယူတျူ့ချန်နယ်ဖွင့်ထားတဲ့ နာမည်သိပ်မကြီးတဲ့ယူတျူ့ဘာတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကအတူတူဆော့ကစားခဲ့တဲ့ ငယ်ချစ်ဦးကို ရှာဖွေနေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့မှာတော့ ဂိုအွန်းဟာတစ်ယောက်အချိန်ပိုင်းအလုပ်လုပ်ရင်း ဆောဂျီဟွမ်ကိုမတော်တဆထိခိုက်မှုမျိုး ဖြစ်စေခဲ့ပါတယ်။အဲဒီအဖြစ်အပျက်ကစပြီး ငယ်ချစ်ဦးနဲ့ပတ်သက်တဲ့ခံစားချက်တွေ တဖန်ပြန်ပေါက်ဖွားလာတဲ့ ဂိုအွန်းဟာတစ်ယောက် ဆောဂျီဟွမ်ဆိုတဲ့ လူမိုက်ဟောင်းလေးနဲ့ ဘယ်လိုမျိုးအလွဲလွဲအချော်ချော် အချစ်ဇာတ်လမ်းဖြစ်ပေါ်လာမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ရယ်မောရင်းနဲ့ကြည့်ရှုခံစားလိုက်ရအောင်ပါ။စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ကြာသပတေးနေ့တွေမှာ BLSFLIX ကနေ ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Info
Cast
  • Original title: 놀아주는 여자
  • In Production: Yes
  • First air date: 12-06-2024
  • Genre: Drama
  • Rating: 5.0 1 votes
Background