Lovely Runner

Ended 1 Seasons - 16 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

70m 2024 74 views

Background

Channel Link

https://t.me/blsflixchannellink/110

ဒီတစ်ခေါက်ပရိသတ်ကြီးအတွက် အချိန်ခရီးသွားဇာတ်လမ်းအမျိုးအစားကိုမှ ရိုမန့်တစ်ဆန်ဆန် ချိုမြိန်တဲ့အချစ်ချိုချိုလေးတွေ တိုက်ကျွေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဒီနေ့ညမှစတင်ထွက်ရှိလာမယ့် Lovely Runner လေးပဲဖြစ်ပါတယ်။မင်းသားကတော့ Strong Girl Nam-Soon မှာနှုတ်ခမ်းနီမလေးတွေရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ Byeon Woo-Seok၊SKY Castle မှာ ကလေးသရုပ်ဆောင်ကနေ အခုချိန်ထိ တဖြည်းဖြည်းနာမည်ရလာတဲ့ မင်းသမီး Kim Hye-Yoon တို့ပါဝင်ထားပါတယ်။Ryu Sun-Jae လို့ခေါ်တဲ့ အမျိုးသားက ပွဲဦးထွက်မှာတည်းက ပရိသတ်အကြိုက် ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ အလုပ်လုပ်ရင်း စိတ်ညစ်စရာတွေကြုံလာခဲ့ရပါတယ်။Im Sol ဆိုတဲ့ မိန်းကလေးကတော့ မတော်ဆမှုတစ်ခုကြောင့် အိပ်မက်တွေဆုံးရှုံးခဲ့ရပေမယ့် ရေဒီယိုကနေ Ryu Sun-Jae ရဲ့တေးသီချင်းတွေနားထောင်ပြီး စိတ်သက်သာရာရပြီးတော့ Ryu Sun-Jae ရဲ့ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။တစ်နေ့ Ryu Sun-Jae တစ်ယောက် အိပ်ဆေးတွေသောက်ပြီး သေဆုံးသွားတဲ့သတင်းကြားတဲ့အချိန် Im Sol တစ်ယောက်လည်း ထူးခြားဆန်းပြားစွာနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကို အချိန်ခရီးသွားပြီး ပြန်လည်ရောက်ရှိသွားပါတယ်။အဲဒီမှာ အသက် ၁၉ နှစ်အရွယ် အထက်တန်းကျောင်းသား Ryu Sun-Jae နဲ့ ထပ်မံတွေ့ဆုံချိန်မှာတော့ ဝမ်းနည်းကြေကွဲစရာ အနာဂတ်ကအဖြစ်မျိုး ဖြစ်မလာအောင် ဘယ်လိုမျိုးတားဆီးမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တွေမှာ BLSFlix ချန်နယ်နဲ့အတူတူ စောင့်ကြည့်ရအောင်ပါ။