Love Next Door

Returning Series 1 Seasons - 16 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2024 51 views

Background

Love Next Door

အပိုင်း ၁၀ထိ ရပါပြီ

https://t.me/blsflixkorea
https://t.me/blsflixchannellink/365

Casting news ထွက်ကတည်းက နာမည်ကြီးနေတဲ့ Hae In Oppa နဲ့ So Min Unnie တို့ရဲ့ ဒရာမာသစ်လေးဖြစ်တဲ့ အမေ့သူငယ်ချင်းသားလေး🫶🏻🫶🏻
Snowdrop ဇာတ်လမ်းတွဲနဲ့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ မင်းသား Jung Hae-In နဲ့ Alchemy of Souls ရဲ့ပထမမင်းသမီးချောလေး Jung So-Min တို့ရဲ့ဇာတ်ကားသစ်လေးဖြစ်တဲ့ Love Next Door ကတော့ ပရိသတ်ကြီးရှေ့မှောက်ကိုရောက်ရှိလို့လာပါပြီ။ဇာတ်ညွှန်းဆရာက Hometown Cha-Cha-Cha ကိုဖန်တီးထားတဲ့စာရေးဆရာဖြစ်သလို ဇာတ်လမ်းဒါရိုက်တာကလည်း Crash Course in Romance ရဲ့ပဲ့ကိုင်ရှင်ဖြစ်လို့ ဒီဇာတ်လမ်းလေးက လုံးဝလက်မလွတ်တမ်းစောင့်ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။Choi Seung Hyo နဲ့ Bae Seok Ryu တို့ကတော့တစ်ရပ်ကွက်တည်းနေ အမေချင်းရင်းနှီးတဲ့ မတည့်အတူနေသူငယ်ချင်းတွေဖြစ်ပြီးတော့ Bae Seok Ryu တစ်ယောက်နိုင်ငံခြားပညာတော်သင်ထွက်သွားပြီးနောက်ပိုင်းမှာဝေးကွာသွားခဲ့ကြပါတယ်။နှစ်ယောက်စလုံး ကိုယ်စီဘဝကိုလျှောက်လှမ်းရင်း Choi Seung Hyo ကအောင်မြင်တဲ့ ဗိသုကာပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီးတော့ Bae Seok Ryu ကလည်းနိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာအလုပ်ရပြီး ဘ၀ကသာယာချောမွေ့နေခဲ့ပါတယ်။တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် အလုပ်ထွက်လိုက်ရတဲ့ Bae Seok Ryu တစ်ယောက် ကိုရီးယားကိုပြန်လာခဲ့ပြီး အမေ့သူငယ်ချင်းသားလေးနဲ့ပြန်လည်တွေ့ဆုံဖြစ်တဲ့အခါမှာတော့ ပရိသတ်ကြီးအသည်းစွဲ မင်းသားမင်းသမီးချောလေးတို့ရဲ့ လူငယ်အချစ်ဇာတ်လမ်းတွဲကို အချစ်ချိုချိုလေးတွေနဲ့ ဟာသလေးတွေနှောပြီး ဘယ်လိုရိုက်ကူးထားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ်စနေ၊တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Season 1
Info
Cast
Background