Life Is Beautiful
- Original title: 인생은 아름다워
- In Production: No
- First air date: 20-03-2010
- Last air date: 07-11-2010
- Genre: Drama, Family
- Directors: Kim Soo-hyun
- Rating: 5.0 1 votes
အပိုင်း (၄၀ ) အထိ ရပါပြီ
https://t.me/blsflix_theoryoflove
ဘ၀ကြီးက ပင်ကိုယ်လှပနေပြီးသားလား?
ကျွန်တော်တိုကိုယ်တိုင်ကပဲ ဘ၀ကြီးကို လှပစေတာလား?
ဂျယ်ဂျူကျွန်းပေါ်က မိသားစုတစ်ခု…
အကြီးဆုံးသားက ဆရာ၀န်
စိတ်၀င်စားတာက လိင်တူချင်း
ကြိုက်မိသွားတော့ တစ်အိမ်ထောင်ကွာပါမောက္ခ။
သမီးကြီးက သာမန်ဝန်ထမ်း
သာမန်ယောက်ျားတစ်ယောက်ကိုပဲ ယူထားပေမဲ့
သာမန်မဟုတ်တဲ့ခံယူချက်တွေကြောင့် အိမ်ထောင်၀န်ပိနေသူ။
သားငယ်က ပင်လယ်ပျော်
အမေရဲ့လက်ထောက်မလေးနဲ့ ဘုနဲ့ဘောက်ဆက်ဆံရေး။
သမီးငယ်က ကျောင်းသူ
သစ်ရွက်လှုပ်တာမြင်ရင် ရင်ခုန်တတ်တဲ့အပျိုဖော်၀င်ရွယ်။
မြင်ဖူးနေကျကိုရီးယားဇာတ်လမ်းတွေထဲကလိုတော့
သပွတ်အူဇာတ်မျိုး
သားသမီးချင်းပလာတာရိုက်ကြတာမျိုး
အငုံစိတ်နဲ့လိုက်ယုတ်မာမဲ့ ဗီလိန်ကာရိုက်တာမျိုးတွေမပါဘူး။
ဒါဆို ပျင်းစရာကောင်းမှာပေါ့
ဒါကြီးကို ဘာလိုညွှန်းနေသေးတာလဲ ဆိုရင်တော့
ပထမတစ်ချက်
လက်တွေ့ဘ၀နဲ့ အတော်နီးစပ်နေတာကြောင့်လို ဖြေရပါမယ်။
ဘ၀သင်ခန်းစာတွေဆိုတာ ကြုံဖူးမှရတာမျိုးမဟုတ်ဘဲ
ကြည့်ဖူးရုံနဲ့လည်း သိသွားနိုင်တာဖြစ်လို
ဒီမိသားစုလေးရဲ့ ပျော်စရာတွေ၊ ၀မ်းနည်းစရာတွေ၊
အချစ်ဇာတ်လမ်းတွေ၊ လမ်းခွဲခြင်းအနုပညာတွေ၊
ဘ၀အနိမ့်အမြင့်တွေအကြောင်းကို လိုက်ပါခံစားကြည့်ကြည့်ပါ။
နောက်တစ်ချက် (အဓိကအချက်)
ဟုတ်ပါတယ် အကြီးဆုံးသားရဲ့ဇာတ်လမ်းပါ။
ကားကြီးကရှည်တယ် အချိန်မပေးနိုင်ဘူးဆိုရင်တောင်
သူ့ဇာတ်လမ်းကိုပဲ ကွက်ရွေးကြည့်သင့်လောက်အောင်
အချိန်ပေးရကျိုးနပ်စေမဲ့ တကယ့် masterpiece ပါပဲ။
အဲဒီခေတ် အဲဒီခါက
ဒီလိုနိုင်ငံရဲ့ ဒီလိုနာမည်ကြီးရုပ်သံလိုင်းလွှင့်စီးရီးရှည်မှာ
ဒီလိုဇာတ်လမ်းမျိုးထည့်ပေးထားတယ်ဆိုတာ မယုံချင်စရာပါ။
K Series အများစုက
ဒီနောက်ပိုင်းမှာ ၁၆ပိုင်း ၁၈ပိုင်းစာတွေပဲရှိတော့တာမို
ဒါကြီးကိုကြည့်နိုင်ပါမလားဆိုပြီး ဖင်တွန့်သွားမဲ့သူတွေကိုလည်း
ရှေ့ပိုင်း ၂ ပိုင်း ၃ ပိုင်းလောက်ကိုပဲ အရင်ကြည့်ကြည့်ကြဖို
စေတနာရှေ့ထားလို တိုက်တွန်းလိုက်ရပါတယ်။