Grand Shining Hotel

Ended 1 Seasons - 6 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2024 5 views

Background

Join Channel

https://t.me/blsflixchannellink/80

အခုတစ်ခေါက်တင်ဆက်ပေးမဲ့ “Grand Shining Hotel” ဆိုတဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖို လူသတ်ဝတ္ထုထဲကို ခုန်ကူးမဲ့  စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားလေးပဲ ဖြစ်ပါတယ်။

ပုံနှိပ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ Yoo Ah Young ဆိုတဲ့ကောင်မလေးဟာ တစ်ကုမ္ပဏီတည်းအလုပ်လုပ်နေတဲ့ မန်နေဂျာ Song Woo Bin ကို တစ်ဖက်သတ်ကြွေနေရသူလေးပါ။ တစ်နေ့မှာတော့ Song Woo Bin ရုတ်တရက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းစကားကြောင့် သူ့ရုံးခန်းထဲသွားရှာရာက Grand Shining Hotel ဆိုတဲ့ဝတ္ထုဟာ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ သူ့အလိုလို ထူးဆန်းစွာ ရိုက်နှိပ်ရေးသားနေတာကို တွေ့မြင်လိုက်ရပါတယ်။ အဲဒီဝတ္ထုထဲမှာ Song Woo Bin ဟာ ဇာတ်ကောင်တစ်ခုအနေနဲ့ပါဝင်နေပြီး ကွင်းဆက်လူသတ်သမားတစ်ဦးရဲ့ ပစ်မှတ်ထားခြင်းခံနေရတာကို သိလိုက်ရပါတယ်။ အဲဒီလူသတ်သမားဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလှအပတွေနဲ့ ညှို့ယူဖမ်းစားပြီး လူသတ်မှုကျူးလွန်နေတာဖြစ်ပါတယ်။ ဝတ္ထုထဲမှာသေရင် အပြင်လောကကို ပြန်မလာနိုင်တော့ဘူးဆိုတာကို သိသွားတဲ့အချိန်မှာ Yoo Ah Young တစ်ယောက် ဝတ္ထုကမ္ဘာထဲကို ရဲရဲကြီးခုန်ဆင်းပြီး crush ဖြစ်သူ Song Woo Bin ကို ကယ်တင်မဲ့အကြောင်းလေးကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

လူသတ်ကားဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားရမဲ့အပြင် Yoo Ah Young နဲ့ Song Woo Bin တို့ရဲ့ ချစ်ရေးချစ်ရာအဖြာဖြာကိုလည်း ကြည့်ရှုရဦးမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးလို့ပြောရင်း တင်ဆက်ပေးလိုက်ပါတယ်။

Season 1
1 Image Episode 12024
2 Image Episode 22024
3 Image Episode 32024
4 Image Episode 42024
5 Image Episode 52024
6 Image Episode 62024
Info
Cast
Background