Anti Reset

Ended 2 Seasons - 11 Episodes
  • Original title: 恆久定律
  • In Production: No
  • First air date: 02-02-2024
  • Last air date: 05-04-2024
  • Genre: Drama, Sci-Fi & Fantasy
  • Rating: 0 votes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

25m 2024 13 views

Background

https://t.me/BlsflixChannel34

BLSFLIX ကနေ ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ရှေ့မှာပြခဲ့ဖူးတဲ့ You are mine, VIP only, Stay by my sideဆိုတဲ့ကားကောင်းလေးတွေရဲ့ Sequelဖြစ်တဲ့ Anti-Resetဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ ချူယိဖျင်ဆိုတဲ့ကောင်လေးက အနေအေးပြီး စိတ်ခံစားချက်သိပ်မရှိဘဲ တစ်နေ့မှာ ကျောင်းမှာ မတော်တဆလက်ကျိုးသွားခဲ့ပါတယ်။ ယိဖျင်ရဲ့ဦးလေးက သူ့ကိုစောင့်ရှောက်ပေးဖို့ ဝေ့ဟွမ်းကျိုဆိုတဲ့စက်ရုပ်လေးကို စမ်းသပ်တဲ့‌အနေနဲ့ရော ယိဖျင်ဆီပို့ပေးလိုက်ပါတယ်။

ယိဖျင်တစ်ယောက် အစပိုင်းမှာ ခေါင်းမာနေပေမဲ့ ဝေ့ဟွမ်းကျိုက သူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပြီး သူ့အတွက် အဖော်ကောင်းဖြစ်တာကိုသိလိုက်တဲ့အချိန်မှာတော့ ဝေ့ဟွမ်းကျိုဖြစ်ချင်တာတွေကို စာရင်းလုပ်ပြီး အတူတူလုပ်ကြည့်ကြဖို့ ကြိုးစားကြပါတယ်။

ဒါပေမဲ့ အဲဒါမပြီးခင်မှာပဲ ဝေ့ဟွမ်းကျို ရုတ်တရတ်ပျက်စီးသွားပါတယ် ပြင်ဆင်ချိန်က တစ်ပတ်သာကြာမြင့်မှာဖြစ်ပြီး ဒေတာအကုန်လုံးကို resetချလိုက်ရပါတယ်။

Resetချပြီးတဲ့အချိန်မှာတော့ ဝေ့ဟွမ်းကျိုတစ်ယောက် လုပ်ချင်တာတွေမြန်မြန်လုပ်ပြီး ယိဖျင်ကို ငြီးငွေ့နေသလိုပြုမူလာပြီး ပြန်ခွင့်တောင်းဆိုပါတော့တယ်။ ဝေ့ဟွမ်းကျိုဘာဖြစ်သွားတာလဲ ဘယ်သူမှမသိကြပေမဲ့ ယိဖျင်တစ်ယောက်ကတော့ လူသားဆန်ဆန်ဘယ်လိုနေထိုင်ရမလဲဆိုတာ သိလိုက်ရပြီး အချစ်ဆိုတာကိုခံစားခဲ့ရပါတယ်။

ယိဖျင်အနေနဲ့ ဘဝမှာ အတူနေ‌နိုင်အောင် ဘယ်လိုလုပ်ရမလဲ သင်ယူနိုင်ပါ့မလား။ တစ်ယောက်ကိုယ်တစ်ယောက် ဘယ်တော့မှ မငြီးငွေ့ဘဲ မခွဲကြဘူးဆိုတဲ့ကတိကိုရော ဝေ့ဟွမ်းကျိုနဲ့ယိဖျင်တို့ တည်နိုင်ပါ့မလား။

သရုပ်ဆောငိတွေအနေနဲ့က ဝေ့ဟွမ်းကျို(Ever 9)အဖြစ် Hunag Lifeng, ချူယိဖျင်အဖြစ် Wu Pingchenတို့က အဓိကပါဝင်သရုပ်‌ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက အပိုင်း၁၀ပိုင်းပါဝင်မှာဖြစ်ပြီး Feb 2ရက်‌နေ့ကစပြီးအပတ်စဉ် သောကြာနေ့တိုင်းထုတ်လွှင့်မှာဖြစ်တာကြောင့် BLSFLIX နဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။

Season 0
No episodes available
Info
Cast
  • Original title: 恆久定律
  • In Production: No
  • First air date: 02-02-2024
  • Last air date: 05-04-2024
  • Genre: Drama, Sci-Fi & Fantasy
  • Rating: 0 votes
Background