A Shop for Killers

Returning Series 1 Seasons - 8 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

40, 50m 2024 13 views

Background

A Shop For Killer

ဇာတ်လမ်းကြည့်ရန်

https://t.me/blsflixchannellink/57

အားလုံးပဲစောင့်မျှော်နေကြတဲ့ မင်းသား Lee Dong Wook နဲ့ မင်းသမီးလေး Kim Hye Jun တို့ရဲ့ “A Shop For Killers” ဆိုတဲ့ ဇာတ်လမ်းတွဲလေးဟာ မကြာခင်မှာပဲ ဖန်သားပြင်ပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကတော့ တစ်ကောင်ကြွက် တူမလေးနဲ့ အဲဒီ တူမလေးကို ခေါ်မွေးစားရတဲ့ လက်နက်ဆိုင်ပိုင်ရှင်ဦးလေးတို့အကြောင်းပဲဖြစ်ပါတယ်။

အဖေဖြစ်သူက အမေဖြစ်သူကိုသတ်ပြီး အဖွားဈာပနနေ့မှာ အဖေက သူ့ကိုယ်သူသတ်သေလို့ တစ်ကောင်ကြွက်ဖြစ်ရရှာတဲ့ ကလေးမလေး Jung Ji An တစ်ယောက် ဦးလေးဖြစ်သူ Jung Ji Man နဲ့ အတူနေဖို့ အကြောင်းဖန်လာပါတယ်။

အရွယ်ရောက်လာလို့ ဦးလေးအရိပ်အောက်ကထွက်ကာ ကိုယ့်အားကိုယ်ကိုးပြီး တက္ကသိုလ်တက်နေတဲ့အချိန်မှာ ဦးလေးဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတာကြောင့် ဦးလေးဖြစ်သူရဲ့နေအိမ်ကို တစ်ခါပြန်ရောက်ခဲ့ရပါတယ်။

အဲဒီအခါမှ ဦးလေးဖြစ်သူရဲ့အန္တရာယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို သိလိုက်ရပြီး အဆင့်မြင့်ကျွမ်းကျင်လူသတ်သမားတွေရဲ့ပစ်မှတ်ထားခံလာရတဲ့အခါ…

Jung Ji An တစ်ယောက် ငယ်စဉ်အခါက ဦးလေးဖြစ်သူ လေ့ကျင့်ပေးထားတဲ့ သင်ခန်းစာတွေကို အသုံးချပြီး အသက်ရှင်သန်နိုင်အောင်ကြိုးစားပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီလို အတိုက်အခိုက် အပစ်အခတ် ဇာတ်ကွက်ပေါင်းစုံနဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျွန်တော်တို့ BLSFlix Channel က တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။

Info
Cast
Background