A Killer Paradox

Ended 1 Seasons - 8 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

m 2024 16 views

Background

Join Channel

https://t.me/blsflixchannellink/72

အခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ “The Killer Paradox” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးပါ။ လူသတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ တက္ကသိုလ်ကျောင်းသားလေးနဲ့ သူ့ကိုလိုက်ဖမ်းမဲ့ အမှုလိုက်စုံထောက်ကြီးတို့အကြောင်းပဲဖြစ်ပါတယ်။

တစ်ညမှာ Lee Tang ဆိုတဲ့ သာမန်တက္ကသိုလ်ကျောင်းသားလေးဟာ သူ အချိန်ပိုင်းအလုပ်လုပ်တဲ့ကုန်စုံဆိုင်ကိုလာတဲ့ ဝယ်ယူသူတစ်ယောက်နဲ့ စကားများကြရာက မတော်တဆ လူသတ်မှုကျူးလွန်မိခဲ့ပါတယ်။ ကြောက်စိတ်တွေ အပြစ်ရှိစိတ်တွေ မိုးမွှန်ပြီး ထူပူနေချိန်မှာ အံ့အားသင့်စွာပဲ သူ သတ်လိုက်တဲ့သူဟာ (၄)နှစ်ကြာအောင် ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒီထက် အံ့ဩစရာကောင်းတာကတော့ အဲဒီမတော်တဆမှုအပြီးမှာ Lee Tang ဟာ ထူးခြားစွမ်းရည်တစ်မျိုး ပိုင်ဆိုင်သွားတာပါ။ အဲဒါကတော့ သေသင့်တဲ့ပြစ်မှုတွေကိုကျူးလွန်ထားတဲ့ အပြစ်သားတွေကို ခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်ပါပဲ။ ဒါကိုသဘောပေါက်သွားပြီးနောက်ပိုင်းမှာ Lee Tang ဟာ  မကောင်းတဲ့သူတွေကိုလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဒီလိုကွင်းဆက်လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်မှာကတော့ စုံထောက်ကြီး Jang Nan Gam ပဲဖြစ်ပါတယ်။ ဝါရင့်သဘာရင့်စုံထောက်ကြီးရဲ့ ပင်ကိုယ်သိစိတ်အရ Lee Tang ကို သံသယဝင်သွားပြီး နောက်ဆုံးအချိန်ထိ မရပ်မနား လိုက်လံဖမ်းဆီးမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ကွင်းဆက်လူသတ်သမားကောင်လေးနေရာမှာ မင်းသား Choi Woo Shik နဲ့ စုံထောက်ကြီးနေရာမှာတော့ မင်းသား Son Suk Ku တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Crime, Thriller, Dark Comedy အမျိုးအစားလေးဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူခံစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့ BLSFlix Channel က တင်ဆက်ပေးလိုက်ပါတယ်။

Season 1
1 Image Episode 12024
2 Image Episode 22024
3 Image Episode 32024
4 Image Episode 42024
5 Image Episode 52024
6 Image Episode 62024
7 Image Episode 72024
8 Image Episode 82024
Info
Cast
Background