တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး မင်းသားချောတွေဖြစ်တဲ့ Kang Ha Neul၊ Cha Eun Wooနဲ့ Kim Young Kwangတိုပါ၀င်ထားတဲ့ အူတက်နေအောင်ရယ်ရမဲ့ ဟာသကားလေး The Firts Rideဆိုတဲ့ကားကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။
ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်လာကြတဲ့ ထယ်ကျုံး၊ ဒိုဂျင်၊ ယွန်းမင်နဲ့ ဂွမ်ဘိုတိုတွေဟာ နိုင်ငံခြားခရီးထွက်ဖို အမြဲတမ်းစီစဉ်နေခဲ့ကြတဲ့သူတွေပါ။ ဒါပေမဲ့ ဘ၀ဆိုတာကြောင့် စိတ်အလိုရှိတဲ့တိုင်း မဖြစ်လာကြပါဘူး။
ဒီလိုနဲ့ နှစ်တွေကြာလာ အသက်တွေကြီးလာကြပြီး ပြန်ဆုံတွေ့ကြတဲ့ သူတိုလေးယောက်ဟာ ပိုပြီးတော့ ရင့်ကျက်မလာတာတော့ အမှန်ပါ။ ဘ၀ကို ဒေါင်ကျကျ ပြားကျကျ ရှင်သန်နေကြရင်း သူတိုငယ်စဉ်ကအိမ်မက်ကို ပြန်လည်မက်ခွင့်ရဖို အခွင့်အရေးရလာတဲ့အခါ။
ငယ်တုန်းက နိုင်ငံခြားခရီးထွက်ဖို အိမ်မက်ကို သူတိုလေးယောက် အတူပြန်အကောင်ထည်ဖော်ကြရင်း အသက်ကြီးမှ ဘယ်လိုအလွဲတွေလုပ်ပြီး ဘယ်လိုစွန့်စားခန်းတွေကို ရှာဖွေသွားကြမလဲဆိုတာကို သိချင်ရင်တော့ ဒီဟာသကားလေးကို BLSFLIX Channelမှာ လက်မလွှတ်တမ်း စောင့်ကြည့်လိုရနေပါပြီနော်။