Moffie

1 Star2 Stars3 Stars4 Stars5 Stars (2 votes, average: 5.00 out of 5)
Loading...

1h 44m 2020 301 views

Background

ရုပ်ရှင်ရဲ့နာမည်ကို ကြည့်ပြီး နာမည်ကဘာကြီးပါလိမ့်ပေါ့ တွေးမိကြမှာပါ။
အဘိဓါန်တွေထဲမှာလည်း ရှိမှာမဟုတ်လို သွားမရှာပါနဲ့လို အရင်ပြောချင်ပါတယ်။
“Moffie”ဆိုတာဟာ အာဖရိကန်ဘာသာစကားကပါ အဓိပ္ပာယ်ကတော့
ယောင်္ကျားမဆန်သူ ဒါမှမဟုတ် အခြောက်လို အဓိပ္ပာယ်ရပါတယ်။
ဟုတ်ပါပြီ ဇာတ်လမ်းအညွှန်းပုစိညှောင့်တောင့်လေး ပြောပြပါရစေ။

ယောင်္ကျားလေးတွေကိုပဲ စိတ်ဝင်စားတဲ့ ကောင်လေး နစ်ခ်တစ်ယောက်
ဂေးတွေကို မုန်းတဲ့ ရွံရှာတဲ့တောင်အာဖရိက စစ်တပ်မှာ စစ်မှုမထမ်းမနေရ
ဥပဒေကြောင့် စစ်မှုထမ်းရဖို အကြောင်းဖန်လာတဲ့အခါ။ သူ့ရဲ့အတွင်းထဲမှာ
ဂေးနေတဲ့ စိတ်လေးကို ဒီစစ်တပ်ကနေ မသိအောင် စစ်မှုထမ်းနေချိန်မှာ
ဘယ်လိုဖုံးကွယ်သွားနိုင်မလဲ။ ဒီဖုံးကွယ်ရမယ့် စိတ်အပြင် ယောင်္ကျားလေး
တစ်ယောက်ကိုပါ ချစ်မိသွားတဲ့အခါ…

ဒီရုပ်ရှင်ကားဟာ လူဖြူလူမျိုးတွေရဲ့ အသားရေခွဲခြားမှု၊ စစ်တပ်တွေရဲ့
ဒီမိုကရေစီမဆန်မှု လူသားမဆန်မှု ဂေးတွေကို လက်မခံချင်တဲ့
အယူသည်းမှုတွေကို ကွက်ကွက်ကွင်းကွင်းကို ရိုက်ပြထားပါတယ်။
အခုခေတ်အထိကို လူဖြူအပြင် အာရှသားအချိုမှာ အသားရေခွဲခြားမှုတွေရှိနေပြီး
စစ်တပ်တွေရဲ့ လူသားမဆန်မှု ဒီမိုကရေစီမဆန်မှုတို ရှိနေသေးတာ
ကျတော်တို လက်တွေ့ပါပဲ။

IMDB – 6.8/10 (3k)
Language – Afrikaans & English
Runtime – 1h 44m

Translated by Pyae Phyo Paing Oo
Encoded by Etty

Moffie
# TYPE SERVER LANGUAGE QUALITY
1 Download Download Drive Drive Image MMMM 1080p FHD
2 Download Download Drive Drive Image MMMM 720p HD
3 Download Download Drive Drive Image MMMM 480p
4 Download Download Drive Drive Image MMMM 360P