Inside Out 2 (2024)

၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ Inside Out ဟာဆိုရင် ဆယ်စုနှစ်အကြာမှာတော့ ထပ်မံထွက်ရှိလို့လာပါပြီ။ကာတွန်းကားတွေထဲမှာ rating အမြင့်ရဖို့ဆိုတာရှားပါးပေမယ့် တကယ့်ကိုလူကြီးရောကလေးပါနှစ်ခြိုက်ခဲ့တဲ့ Inside Out ကတော့ အခု Inside Out 2 မှာလည်း IMDB 7.8 အထိထပ်မံရရှိထားလို့ မျှော်ရကျိုးနပ်တဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ပထမကားမှာ ရိုင်လီရဲ့ကလေးဘဝတုန်းက စိတ်ခံစားချက်တွေအကြောင်း ရိုက်ကူးထားသလို ဒီတစ်ခေါက်မှာတော့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့လာရတဲ့အခြေအနေပေါ်မူတည်ပြီး စိတ်ခံစားချက်အသစ်တွေထပ်မံပေါ်ပေါက်လာပါတယ်။ရိုင်လီဟာ ဟော်ကီပြိုင်ပွဲမှာအနိုင်ရပြီးတော့ ကျောင်းနည်းပြက သူ့ရဲ့စခန်းသွင်းလေ့ကျင့်မှုမှာ ဖိတ်ကြားခံလိုက်ရပါတယ်။ဒီအချိန် သူငယ်ချင်းအသစ်တွေနဲ့ကြုံတွေ့ရပြီးတော့ စိတ်ခံစားချက်အသစ်တွေဖြစ်တဲ့ ပူပန်မှု အားကျမှု ရှက်ရွံ့မှု စတဲ့စိတ်ခံစားချက်အသစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ဒီလိုအချိန် အရင်ကရှိနှင့်နေပြီးသားဖြစ်တဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ဒေါသဖြစ်မှု ကြောက်ရွှံ့မှု ရွံ့ရှာမှု တို့ဆိုတဲ့ စိတ်ခံစားချက်အဟောင်းနဲ့အသစ်ကြား ပဋိပက္ခဖြစ်ပြီး ပြဿနာဖြစ်လာပါတော့တယ်။စိတ်ခံစားချက်အသစ်တွေက အဟောင်းတွေအပေါ် အနိုင်ယူပြီး ရိုင်လီကိုထိန်းချုပ်ဖို့ကြိုးစားလာတဲ့အချိန်မှာတော့ စိတ်ခံစားချက်အဟောင်းတွေဘက်ကလည်း ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Inside Out 2
# TYPE SERVER LANGUAGE QUALITY
1 Download Download Mega Mega Image MMMM 1080p FHD
2 Download Download Mega Mega Image MMMM 720p HD
3 Download Download Mega Mega Image MMMM 480p