Season 1 တုန်းက တအားပေါက်ခဲ့တဲ့ ဟာသအက်ရှင်ကား Hitman 2 ထပ်ထွက်လာပါပြီ။ S1 တုန်းကလိုပဲ Kwon Sangwoo , Jung Joonho နဲ့ Lee Yikyung တို ပြန်လည်ပါဝင်ထားပြီး အခြားနာမည်ကြီး သရုပ်ဆောင်တွေပါ ပါဝင်ထားပါတယ်။
လုပ်ကြံရေးသမား အေးဂျင့် ဂျွန်က လုပ်ကြံရေးသမား အေးဂျင့်အဖြစ်ကနေ အနားယူလိုက်ပြီး ကာတွန်းရေးဆွဲတဲ့ စာရေးစရာအဖြစ် အလုပ်ဆက်လက်လုပ်နေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ကာတွန်းထဲက အတိုင်း အပြင်မှာ ပြစ်မှူလိုက်ကြူးလွန်တဲ့ ကောင်တွေကို လိုက်ရှာဖိုအတွက် ထောက်လှမ်းရေးဌာနကို ပြန်ရောက်လာရပါတယ်။ ဒါ့အပြင် အေးဂျင့် ဘဝတုန်းက ရန်ငြိုးရှိခဲ့တဲ့ သူတွေကလည်း အေးဂျင့် ဂျွန်ကို သတ်နိုင်ဖို ဆက်တိုက် မှောင်ခို ရောက်လာနေကြပါတယ်။ ဒီလိုနဲ့ အေးဂျင့် ဂျွန်ဟာ သာမန် ကာတွန်းရေးဆရာဘဝ၊ သာမန် ကလေးအဖေဘဝကို ပြန်သွားနိုင်ပါ့မလား? ညွန်ကြားရေးမှူးချွန်း၊ အေးဂျင့်ချောတိုနဲ့ အတူတူ ပေါင်းပြီး ဘယ်လို စွန့်စားခန်းတွေကိုလုပ်ကြဦးမလဲ? စတဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဟာသလေးနှောပြီး ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။