“ငွေ”… ဒီစကားလုံးတစ်လုံးက လူတစ်ယောက်ရဲ့ အမှောင်မိုက်ဆုံး လောဘကို ဘယ်လောက်အထိ ဆွဲထုတ်နိုင်မလဲ။
ဝမ် ဘီလီယံ ၃၀။ မျက်စိရှေ့မှာ ပေါ်လာတဲ့ ဒီငွေမည်းပုံကြီးကို သင်တွေ့လိုက်ရရင် ဘာလုပ်မှာလဲ။
“Dirty Money” ဟာ သင့်ကို အစကနေ အဆုံးထိ အသက်ရှူမှားလောက်တဲ့ တင်းမာမှုတွေနဲ့ ဆွဲခေါ်သွားမယ့် Hard-Boiled Crime Noir (အကြမ်းစား မှုခင်း) ရုပ်ရှင်တစ်ကားပါ။
ဒီကားက ချစ်စရာကောင်းတဲ့ ကိုရီးယားကားမျိုး လုံးဝ မဟုတ်ပါဘူး။ ဒါဟာ “ငွေမည်း” ကို လိုက်ကြတဲ့ လူမိုက်တွေ၊ ရဲဆိုးတွေ၊ လှည့်စားသူတွေရဲ့ ကမ္ဘာပါ။ “လူကောင်း” ဆိုတာ မရှိသလောက် ရှားပြီး ဘယ်သူ့ကိုမှ ယုံလို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ အက်ရှင်ခန်းတွေကလည်း အပိုအလိုမရှိ၊ လက်တွေ့ဆန်ဆန် ကြမ်းတမ်းပြီး တကယ့် “ကိုရီးယား မှုခင်းကား” စစ်စစ်ရဲ့ အရသာကို ပေးစွမ်းပါတယ်။
ဇာတ်လမ်းတစ်ခုလုံးက “လောဘ” ပေါ်မှာပဲ တည်ဆောက်ထားတာပါ။ ငွေကြောင့်မို့ သစ္စာဖောက်ခြင်း၊ လှည့်စားခြင်း၊ သတ်ဖြတ်ခြင်းတွေကို မရပ်မနား တွေ့မြင်ရမှာပါ။ ကြည့်ရှုသူကို “ငါသာဆိုရင်ရော…?” ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် မေးစေမယ့် ဇာတ်လမ်းမျိုးပါ။