ပရိသတ်ကြီးအတွက် အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိလေးနက်ပြီး အဓိပ္ပါယ်အပြည့်နဲ့ ရင်ထဲမှာခံစားရတဲ့သံယောဇဉ်တစ်ခုလဲဆိုတာကို ပုံဖော်ပေးထားတဲ့ Analog ဆိုတဲ့ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးချင်ပါတယ်။Satoru Mizushima ဆိုတဲ့ ဒီဇိုင်နာတစ်ယောက်ဟာ အိမ်တွင်းအလှဆင်ဒီဇိုင်နာတစ်ယောက်ပါ။သူကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ ပီယာနိုဆိုတဲ့ ကော်ဖီဆိုင်လေးမှာ အမြဲတမ်းထိုင်တတ်ပါတယ်။တစ်နေ့မှာ မမျှော်လင့်ဘဲ Miyuki Miharu ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ရပါတယ်။Satoru Mizushima တစ်ယောက် ရင်ထဲမှာအချစ်တွေပေါက်ဖွားလာပြီး ဆုံတွေ့ခွင့်ရဖိုကြိုးစားပါတော့တယ်။ဒါပေမဲ့ Miyuki Miharu ဆိုတဲ့အမျိုးသမီးလေးက တစ်ပတ်မှာ ကြာသပတေးတစ်ရက်ပဲ ကော်ဖီဆိုင်မှာတွေ့ဖို ကတိပေးခဲ့ပါတယ်။ဒီလိုနဲ့ အပတ်စဉ်တွေ့ဆုံကြရင်း နှစ်ယောက်သားပိုမိုရင်းနှီးလာပြီးတော့ အချစ်စိတ်တွေတိုးပွားလာပါတယ်။ဒါပေမဲ့ Satoru Mizushima က Miyuki Miharu ရဲ့နောက်ကြောင်းရာဇဝင်တွေဘာတွေကို မေးမြန်းတာမျိုးမရှိဘဲ အတူရှိနေရရင်ကိုပြီးပြည့်စုံပြီလိုသတ်မှတ်ထားတာပါ။အဲဒါကြောင့်လည်း လက်ထပ်ခွင့်တောင်းဖို စီစဉ်ထားတဲ့ရက်မှာ Miyuki Miharu တစ်ယောက် ရောက်မလာတော့ဘဲ ပျောက်ဆုံးသွားပါတယ်။နောက်ကြောင်းရာဇဝင်လည်းမသိ ဆက်သွယ်ဖိုနည်းလမ်းလည်းမရှိတဲ့ Satoru Mizushima တစ်ယောက် သူချစ်ရတဲ့ Miyuki Miharu နဲ့ ပြန်လည်ဆုံစည်းဖို ကံကြမ္မာကအခွင့်အရေးပေးပါ့မလား။Miyuki Miharu ဆိုတဲ့အမျိုးသမီးကရော ဘယ်လိုနောက်ခံဇာတ်လမ်းတွေနဲ့သူ ဖြစ်နေမလဲဆိုတာ တစိမ့်စိမ့်တွေးရင်း တစိမ့်စိမ့်ကြည်နူးရမှာဖြစ်သလို တစိမ့်စိမ့်ရင်နင့်ခံစားရမှာလည်းဖြစ်ပါတယ်။

analog
# TYPE SERVER LANGUAGE QUALITY
1 Download Download Usersdrive Usersdrive Image MMMM 1080p FHD
2 Download Download Usersdrive Usersdrive Image MMMM 720p HD
3 Download Download Usersdrive Usersdrive Image MMMM 480p