မပျော်ရွှင်ရတဲ့ကာလများမှာ ခဏလောက်ပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ရယ်မောချင်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့် ထိုင်းဟာသသရဲကား 404 Run Run
ကြည့်ရန် Channel ကို Join ထားပေးနော်
အိမ်ခြံမြေပွဲစားလေး နက်ရုပ်နဲ့သူ့အဖွဲ့သားတွေ ကမ်းခြေနားက ဟိုတယ်အဟောင်းကြီးတခုကို တွေ့ပြီး ပွဲစားပီပီ သူဌေးတွေဆီက ဖျံကျဖို့ ဇိမ်ခံဟိုတယ်ကြီးတခုပြောင်းမယ်ဆိုပြီး ဝယ်ပြီးခါမှ
ဟိုတယ်ပျက်ကြီးမှာ ပိုင်ရှင်သရဲမလေးရဲ့ စွဲလမ်းမှုကြောင့် ဟိုတယ်က ရောင်းမထွက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ
ပိုင်ရှင်သရဲမလေး လာလီတာက ဝယ်သူတိုင်းကို အမျိုးမျိုး ခြောက်လှန့်နေလို့ နက်ရုပ်တယောက် ဘာသာပေါင်းစုံက အားတဲ့နတ်ဆင်းကယ်နိုင်အောင် နတ်ဆရာတွေပင့်ဖိတ်ပြီး သရဲနှိမ်နင်းရေးစလုပ်ရင်း သရဲနဲ့လူကြားက ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတခု….
နက်ရုပ်နဲ့ သရဲမလေးလာတီတာအကြား တိုက်ပွဲမှာ တွေ့ကြုံရမယ့် ဗရုတ်သုက္ခမျိုးစုံနဲ့ ပွဲစားစကွက်ရဲ့ အလွဲပေါင်းများစွာကို တကားလုံးပျင်းချိန်မရှိအောင် ရယ်မောကြည့်ရှုနိုင်မယ့် 404 Run Run ထိုင်းဟာသသရဲကားကြီးကို BLSFIX မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်