Iron Family

Returning Series 1 Seasons - 36 Episodes
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

70m 2024 12 views

Background

KBS2 ရဲ့ မိသားစု ဒရာမာအသစ် တစ်ခုဖြစ်တဲ့ “Iron Family” ~~

အပိုင်း ၄ ရပါပြီ။

https://t.me/blsflixchannel008

Iron Family ဆိုတာ မျိုးဆက်သုံးဆက်အထိ ဒိုဘီလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် မိသားစုအကြောင်းကို ပုံဖော်မယ့် ဟာသဒရာမာ အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒီ မိသားစု ဒရာမာလေးမှာဆိုရင် စုစုပေါင်း အပိုင်း ၃၆ ပိုင်းပါဝင်ထားပြီးတော့ အပတ်စဥ် စနေ တနဂ်နွေ နှစ်ရက်ပြသသွားမှာဖြစ်ပါတယ်။

Mr Queen ထဲမှာ ဘုရင်ချွဲဂျုံးအဖြစ်ပါဝင်ထားတဲ့ Kim Jung Hyun ကို ဒီ ဒရာမာလေးမှာ ပြန်လည်တွေ့မြင်ရမှာပါ။

Kim Jung Hyun ဟာ Cheongryeom ရပ်ကွက်ရဲ့ အချမ်းသာဆုံးမိသားစုရဲ့သား ဖြစ်ပြီး Jiseung Group ၏ အမှုဆောင်ဒါရိုက်တာ Seo Kang Jooအဖြစ် ပါဝင်ထားတာပါ။ Geum Sae Rok ကလည်း Cheongnyeom Laundry မိသားစုရဲ့ အငယ်ဆုံးသမီး Lee Da Rim အဖြစ် ပါဝင်ထားပါတယ်။

Choi Tae Joon ကတော့ Cheongnyeom Laundry မှာ အချိန်ပိုင်းဝန်ထမ်း Cha Tae Woong အဖြစ် သရုပ်ဖော်ထားပါတယ်။ မွေးကတည်းက စွန့်ပစ်ခံရပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ Tae Woong ဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့ဘဝသူ ထိန်းကျောင်းရင်း ဘဝကို ဖြတ်သန်းနေရသူပါ။ ဖော်ရွေပြီး ကြင်နာတတ်တဲ့ အကျင့်စရိုက်ကြောင့် Cheongnyeom Laundry အိမ်က သူ့ကို မိသားစုလိုပဲ သဘောထားပြီး ဖော်ရွေစွာပဲ ဆက်ဆံပါတယ်။

Yang Hye Jiကတော့ Cheongnyeom Laundry ၏ ဒုတိယသမီးဖြစ်တဲ့ Lee Cha Rim နေရာမှာ သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ Cheongryeom ရပ်ကွက်ရဲ့ အလှတရားလို့ လူသိများတဲ့ Cha Rim ဟာဆိုရင် အဝတ်အစားတွေကို ချစ်ခင်နှစ်သက်ပြီး လွတ်လပ်တဲ့ဘဝကို တက်တက်ကြွကြွ ပုံဖော်ပြီး Jiseung Group ရဲ့ ဒီဇိုင်နာဖြစ်လာခဲ့ပါတယ်။

ပိုက်ဆံ ဆိုတဲ့အရာထက် လူမှုဆက်ဆံရေးကို ပိုတန်ဖိုးထားသူ Kang Joo နဲ့ စာနာစိတ်မရှိတဲ့ Da Rim တို့ကြားက chemistry ဟာ “Iron Family” ရဲ့ အဓိက အချက်တစ်ခုပါပဲ။

ဒီ drama လေးကိုလည်း မင်မင်တို့ရဲ့ ချန်နယ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော်။

Season 1
1 Image Episode 12024
2 Image Episode 22024
3 Image Episode 32024
4 Image Episode 42024
Info
Cast
Background