Officer Black Belt

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

1h 48m 2024 9 views

Background

ပရိတ်သတ်တွေရဲ့ အသဲကျော် ဂင်ဝူဘင်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ် Officer Black Belt

အဖေဖြစ်သူရဲ့စာသောက်ဆိုင်လေးမှာ ကြက်ကြော်ပို့တဲ့အလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ Lee Jung Do. သူငယ်ချင်းတွေနဲ့ အင်တာနက်ဆိုင်မှာ ဂိမ်းထိုင်ဆော့လိုက် ကော်ဖီဆိုင်မှာ အရည်မရအဖတ်မရ စကား‌ထိုင်ပြောလိုက် နေတတ်သူလေးပါ။

ဒီလိုနေတဲ့ကောင်လေးဟာ တိုက်ခိုက်ရေးပညာမှာတော့ ပါရမီရှင်လေးဖြစ်နေပါတယ်။ တိုက်ကွမ်ဒို ကန်ဒို ဂျူဒို စတဲ့ တိုက်ခိုက်ရေးပညာရပ်တွေမှာ အမြင့်ဆုံးအဆင့်ရောက်ရှိတဲ့အထိ ကျွမ်းကျင်တတ်မြောက်ထားပြီး လိုအပ်သူကို ကူညီတဲ့နေရာမှာလည်း နှစ်ခါပြန်မစဉ်းစားတဲ့သူလေးပါ။

တစ်နေ့မှာတော့ ခံဝန်နဲ့လွတ်နေတဲ့ရာဇဝတ်သားက တိုက်ခိုက်ရေးအရာရှိကို အကြမ်းဖက်နေတာကိုမြင်ပြီး ကယ်တင်ပေးခဲ့ပါတယ်။ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားတဲ့သူ့ရဲ့အရည်အချင်းကြောင့် ဒဏ်ရာရအရာရှိနေရာမှာ (၅)ပတ်ကြာ လူစားထိုး တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့အလုပ်ကတော့ ခံဝန်နဲ့လွတ်‌နေတဲ့ အကြမ်းဖက်ရာဇဝတ်သားတွေကို စောင့်ကြပ်ကြည့်ရှုပြီး အန္တရာယ်ရှိတဲ့အခြေ‌အနေတွေမှာ ဝင်ရောက်ဖြေရှင်းပေးရတာဖြစ်ပါတယ်။

အတိုက်အခိုက် အသတ်အပုတ် ကျွမ်းကျင်တဲ့ အစားထိုးအရာရှိပေါက်စလေးက အကြမ်းဖက်ရာဇဝတ်သားတွေကိုစောင့်ကြည့်ရင်း ကျူးလွန်ဖို့ ကြံစည်နေတဲ့အမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သိချင်ရင်တော့ ကျွန်တော်တို့ BLSFlix ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုပေးသွားပါဦးနော်။

Officer Black Belt
# TYPE SERVER LANGUAGE QUALITY
1 Download Download Mega Mega Image MMMM 1080p FHD
2 Download Download Mega Mega Image MMMM 720p HD
3 Download Download Mega Mega Image MMMM 480p