Escape

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...

1h 36m 2024 22 views

Background

Escape (2024)

https://t.me/blsflixchannellink/398

Taxi Driver,Chief Detective တို့လို အတိုက်အခိုက်ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ မင်းသား Lee Je-Hoon ခေါင်းဆောင်ပါဝင်ထားတဲ့ Escape (2024) လေးနဲ့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာ အစစအရာရာ ဖိနှိပ်မှုတွေကြောင့် ဘဝမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့က တပ်ကြပ်ကြီး Im Kyu-Nam တစ်ယောက် သူ့ရဲ့စိတ်ကူးဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ဖို့ တောင်ကိုရီးယားကို ထွက်ပြေးဖို့ကြိုးစားနေတာပါ။တောင်နဲ့မြောက်စစ်မဲ့ဇုန်အနီးတစ်ဝိုက်မှာတင် မြောက်ကိုရီးယားဘက်က မြေမြှပ်မိုင်းများစွာထောင်ထားတဲ့အတွက်ကြောင့် အချိန်အတော်ကြာယူပြီး မြေပုံဆွဲအမှတ်အသားလုပ်ထားခဲ့ပါတယ်။တစ်နေ့ တပ်သား Kim Dong-Hyeok တစ်ယောက် တပ်ကြပ်ကြီးရဲ့မြေပုံကိုယူပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန် နှစ်ယောက်စလုံးကိုဖမ်းမိသွားခဲ့ပါတယ်။နှစ်ယောက်စလုံးကိုတပ်ပြေးမှုနဲ့ အပြစ်ပေးဖို့လုပ်နေတုန်း Im Kyu-Nam ရဲ့သူငယ်ချင်းဖြစ်သူ ဗိုလ်မှူး Ri Hyun-Sang ရောက်လာပြီး အသက်ဘေးကနေကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဖိနှိပ်ချုပ်ခြယ်မှုအောက်ကနေ လွတ်မြောက်ချင်နေတဲ့ Im Kyu-Nam ကတော့ အစီအစဉ်အတိုင်း တောင်ပိုင်းကိုထွက်ပြေးဖို့ကြိုးစားလာချိန်မှာတော့ သူငယ်ချင်းဖြစ်သူ Ri Hyun-Sang နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပြီး ဘယ်လိုအဆုံးသတ်မျိုးနဲ့ကြုံလာရမလဲဆိုတာကတော့ ပရိသတ်ကြီးကပဲ ဇာတ်လမ်းလေးထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Escape
# TYPE SERVER LANGUAGE QUALITY
1 Download Download Mega Mega Image MMMM 1080p FHD
2 Download Download Mega Mega Image MMMM 720p HD
3 Download Download Mega Mega Image MMMM 480p