မကျွတ်မလွတ်ဖြစ်နေတဲ့ ကချေသည်သရဲမ….
ဒီဇာတ်လမ်းက ထိုင်းရိုးရာအက ကို ကကြတဲ့ “Tre Chada ” လိုခေါ်တဲ့ ညီအစ်မသုံးယောက်ရဲ့ ဇာတ်လမ်းပါ…
အကြီးမ အလတ်မ အငယ်မ သုံးယောက်ရှိတဲ့အနက်
အကြီးမ Chadaohorn က လှပတယ် လူကြိုက်များတယ်….
အလတ်မ Chadaploy က ပျော်ပျော်နေတတ်တယ် သဘောကောင်းတယ်…
အငယ်မ Chadapetch ကကျ ယှဥ်ပြိုင်ချင်စိတ် မနာလိုစိတ်များတယ်…
တစ်နေ့ကျ အလတ်မ တစ်ယောက် တူးမြောင်းကြီးထဲကျပြီး သေဆုံးသွားပြီး…စုံစမ်းစစ်ဆေးရေးတွေလုပ်တော့လည်း မတော်တဆ သေဆုံးတာဆိုပြီး အမှုကပိတ်သိမ်းသွားတော့တယ်….
အမှန်တစ်ကယ်ကျ သေဆုံးမှုက မတော်တဆ မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့အခါမှာတော့ ဝိညာဥ်က မကျွတ်ပဲရှိနေပါတော့တယ်….
ဒီမကျွတ်မလွတ်ဖြစ်နေတဲ့ ဝိညာဥ်က သူ့ကိုသတ်ခဲ့တဲ့သူတွေကို ဘယ်လိုတွေ လက်စားချေမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်…