သွေးရောင်ခြယ်လရဲ့ ကတိသစ္စာအောက်မှာ ကျိန်စွာတွေ သွယ်ယှက်နေတဲ့ ဟိုတယ်ထဲကို Khansorn ဆိုတဲ့ ဂျာနယ်လစ်တစ်ယောက် တစ်ယောက် ဝင်လာတဲ့အချိန်သွေးရောင်ခြယ်လထွက်တဲ့ညဆို ထာဝရရှင်သန်သူနဲ့ သေဆုံးသူထွက်လာတယ်ဆိုတဲ့ ကျိန်စာရှိတယ်ဆိုပြီး ပြောစကားရှိကြပေမဲ့ တကယ်တမ်း သွေးရောင်ခြယ်လထွက်တဲ့အချိန်မှာ Khansorn နဲ့ ထူးခြားဆန်းကြယ်တဲ့ ဟိုတယ်ပိုင်ရှင် ၂ယောက် ကျိန်စာရှိဟိုတယ်ထဲမှာ ဘာတွေဆက်ဖြစ်လာမလဲကံကြမ္မာနဲ့ ဆန့်ကျင်ပြီး ကလဲ့စား ထာဝရရှင်သန်ခြင်း နဲ့ အချစ်ရန်ငြိုးတွေရှိတဲ့ ဟိုတယ်မှာ လျှိဝှက်သည်းဖိုစရာ ဇာတ်ကြောင်းကိုနောက်ခံထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ Bl ဇာတ်လမ်းတွဲအသစ်လေးကို အောက်တိုဘာ ၁ရက်နေ့ကစပြီး BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့်
