Just Friends?
- Original title: 친구사이?
- Release date: 17-12-2009
- Genre: Comedy, Romance
- Directors: Kim-Jho Kwang-soo
- Rating: 0 votes
အားလုံးမျှော်နေကြတဲ့
Short Film ကဏ္ဍလေး ပြန်လာပါပြီဗျ။
ပွင့်လင်းကာလမဟုတ်သေးတဲ့အချိန်က ဂေးစုံတွဲတစ်တွဲရဲ့ သူငယ်ချင်းလေးပါဟုအမည်ခံကာ ခိုးကြည်နူးရပုံတွေကို
စောင်တစ်ကိုက်ကိုက်ကြည့်ရမဲ့ ဇာတ်လမ်းတိုတစ်ပုဒ်ပါ။
“လိုတာမရ ရတာမလို” ဆိုတဲ့ ပုထုဇဥ်သဘောအရ
မိန်းကလေးတစ်ယောက်က
မိမိတစ်ဖက်သတ်ချစ်လာရသူက ဂေးဖြစ်နေတာသိလိုက်ရတော့
ယောက်ျားလေးအဖြစ် မွေးမလာရကောင်းလားတွေးနေချိန်မှာ
ယောက်ျားလေးတစ်ယောက်ကလည်း
မိမိချစ်ရတဲ့ယောက်ျားတစ်ယောက်နဲ့ ပေါင်းဖက်နိုင်ဖိုအရေး
မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာချင်နေချိန်တွေပေါ့။
နားရက်ရစစ်သားတစ်ယောက်နဲ့ မြိုကြီးသားကောင်လေးတို
သူငယ်ဂျင်းယောင်ဆောင်ကာ ယောက္ခမအိမ်ပေါ်တက်
ထိန်းမနိုင်သိမ်းမရအလွမ်းသယ်ကြရာကနေ
တကယ်ပဲ လွမ်းစရာဇာတ်လမ်းလေးဖြစ်သွားလေမလား
ကြည်နူးစရာအဆုံးသတ်လေးပဲ ရသွားလေမလား ဆိုတာ
ကျွန်တော်တို BLSFlix က တင်ဆက်ပေးမဲ့
ဒီ “Just Friends” ဆိုတဲ့ဇာတ်လမ်းတိုလေးထဲမှာ
စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။